ရပ်စောက်မြို့တွင် မြို့နယ်ဂုဏ်ဆောင် ဘက်စုံထူးချွန် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်မြို့တွင် မြို့နယ်ဂုဏ်ဆောင် ဘက်စုံထူးချွန် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို





ရပ်စောက်  ၊   မေ  ၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ လေ့လာရေးခရီးစဉ်များမှ ပြန်လည်ရောက်ရှိလာသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတော်အဆင့် ဘက်စုံထူးချွန်သည့် ရပ်စောက်မြို့နယ်မှ လူရည်ချွန်မောင်မယ် (၄)ဦးအား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ လူရည်ချွန်မောင်မယ် (၄)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိဘဆွေမျိုးများက လှိုက်လှဲစွာဖြင့် ဂုဏ်ပြုပန်းကုံးများ၊ ဂုဏ်ပြုပန်းစည်းများဖြင့်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများ၏ ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအကအဖွဲ့များကလည်း အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရပ်စောက်)ကျောင်းရှေ့မှ မင်းကြီးသုံးပါးဂိတ်အထိ နောက်မှလိုက်ပါကာ မင်းလမ်းတစ်လျှောက် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ရပ်စောက်မြို့နယ် ဂုဏ်ဆောင်လူရည်ချွန်မောင်မယ်များမှာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)မှ မသံဇဉ်ရှင်းသန့်၊ Grade-10 မှ မအိသင်ဇာကျော်၊ Grade-11မှ မလပြည့်အေးနှင့် ကောင်းဘို့အခြေခံပညာအထက်တန်းကျောင်း Grade-12 မှ မမြတ်စုအေးတို့ဖြစ်ကြောင်း သိရှိရသည်။


ဆုမွန်(ရပ်စောက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)