ကျိုင်းလပ် ၊ မေ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ စည်ပင်သာယာရေးဌာနသည် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်း လိုင်စင်စီများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အသားဈေးများ ရောင်းချရေးနှင့် ကောက်ခံရေးတို့အတွက် အသိပေးရှင်းလင်းခြင်းကို ယမန်နေ့က အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးဌာနမှ တာဝန်ခံ ဦးအားထူယာက ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်ရ လုပ်ငန်းရှင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်စီများအနေဖြင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ အတည်ပြုပေးထားသော လေလံစည်းကမ်းပါ သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အသားဈေးနှုန်းများ စိစစ်သတ်မှတ်ရေးအဖွဲ့မှ အတည်ပြုထားသည့် ဈေးနှုန်းများအတိုင်း အသားများကို ရောင်းချရေးနှင့် သတ်မှတ်နှုန်းထားများအတိုင်းသာ ကောက်ခံရေးတို့အတွက် လုပ်ငန်းရှင်များအား အသိပေးရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်
https://t.me/MyanmarNationalPost

No comments:
Post a Comment