ငါန်းဇွန်မြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်များတွင် သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်များတွင် သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး



ငါန်းဇွန်   ၊ မေ  ၉


မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ပြည်သူများ သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိကို မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်များအား ယမန်နေ့နံနက်၈နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တာဝန်ရှိသူများက မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အလှကုန်ဆိုင်နှင့် စည်ပင်သာယာဈေးအတွင်းရှိ အလှကုန်ဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် နေပြည်တော်ဓာတ်ခွဲဌာနတွင် အတည်ပြုစစ်ဆေးရာ တားမြစ်ဓါတုပစ္စည်းများပါဝင်မှုရှိ၍ သုံးစွဲရန်မသင့်သည့်အလှကုန်ပစ္စည်းများအား ရောင်းချခြင်းရှိ/မရှိ၊ ကွင်းဆင်းစစ်ဆေးပြီး အလှကုန်ပစ္စည်းဆိုင်တာဝန်ရှိသူများအား အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    


သက်နောင်ဦး(ငါန်းဇွန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)