ပြည်ကြီးတံခွန် ၊ မေ ၉
အလုပ်သမားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာသို့ အလုပ်သမားဝန်ကြီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းနှင့်ဝန်ထမ်းများ၊ PoPy-1 မုန့်လုပ်ငန်းစက်ရုံတာဝန်ခံ ဒေါ်သက်မာဝင်းနှင့်ဝန်ထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိက ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါအကျိုးခံစားခွင့်များအကြောင်း အသိပညာပေးဆွေးနွေးဟောပြောသည်။
ထို့နောက် တိုင်းဒေသကြီးတာဝန်ခံအရာရှိက ပြည်ကြီးတံခွန်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော CB Bank လုပ်ငန်းဌာနမှ အာမခံအလုပ်သမား ဒေါ်တိုးတိုးလွင်ဦးအား ဆေးဖိုးခွင့်ပြုငွေကျပ် (၆၄၅၁၆၃၇)(ကျပ်ခြောက်ဆယ့်လေးသိန်းငါးသောင်းတစ်ထောင်ခြောက်ရာသုံးဆယ့်ခုနှစ်ကျပ်တိတိ) ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment