ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ကူဝိတ်ကြက်ခြေနီအသင်း၊ ဒုတိယဥက္ကဋ္ဌ တို့တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ကူဝိတ်ကြက်ခြေနီအသင်း၊ ဒုတိယဥက္ကဋ္ဌ တို့တွေ့ဆုံဆွေးနွေး



ကူဝိတ်၊ မေ ၃

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် ၂၀၂၄ခုနှစ်၊ မေလ ၁ ရက်နေ့ တွင် ကူဝိတ်ကြက်ခြေနီအသင်း (Kuwait Red Crescent Society – KRCS) ဒုတိယဥက္ကဋ္ဌ Mr. Anwar Abdullah Al-Hasawi အား ၎င်း၏ ရုံးခန်း KRCS ဌာနချုပ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ယင်းကဲ့သို့ တွေ့ဆုံရာတွင် KRCS နှင့် မြန်မာကြက်ခြေနီအသင်းတို့အကြား ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးခဲ့ပြီး၊ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံရှိ လက်ရှိ အခြေအနေနှင့် ဖြစ်ပေါ်တိုးတက်မှုကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

KRCS အနေဖြင့် ကမ္ဘာနှင့်အဝှန်း လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူများကို လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)