ဘယ်လ်ဂျီယံ၊ နယ်သာလန်နိုင်ငံတို့နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီးက ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေအဖွဲ့ (CFC) ၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် သွားရောက်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘယ်လ်ဂျီယံ၊ နယ်သာလန်နိုင်ငံတို့နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီးက ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေအဖွဲ့ (CFC) ၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် သွားရောက်တွေ့ဆုံ



အမ်စတာဒမ်၊ မေ ၃

ဘယ်လ်ဂျီယံ၊ နယ်သာလန်နိုင်ငံတို့နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် သည် ၂-၅-၂၀၂၄ ရက်တွင် ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့ (Common Fund for Commodities- CFC) ၏ ဦးဆောင်ညွှန်ကြားရေးမှူး (Managing Director) အဖြစ် ထပ်မံရွေးကောက်ခြင်းခံရသည့် H.E. Sheikh Mohammed Belal ကို နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ရှိ CFC ဌာနချုပ်၌ သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှု၌ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ (Global Polycrisis) ကြောင့် ကုန်စည်တင်ပို့မှုကို အားထားနေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ (Commodity Dependent Developing Countries) ရှိ ပြည်သူများ ရင်ဆိုင်နေရသည့် ဆင်းရဲမွဲတေမှုနှင့် အခြားအခက်အခဲများကို ဖြေလျှော့နိုင်ရေး အတွက် CFC အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံသို့ ဘဏ္ဍာရေး နှင့် နည်းပညာဆိုင်ရာ အကူအညီများ ပံ့ပိုးပေးခြင်းကဲ့သို့သော CFC နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံမှုတွင် H.E. Sheikh Mohammed Belal က CFC အနေဖြင့် ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ကဏ္ဍ၌  စီမံကိန်းအချို့ ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ယင်းစီမံကိန်းများ၏ အောင်မြင်မှုက အခြားဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက် နှင့်မူဝါဒများ ချမှတ်နိုင်ပါက ဆင်းရဲမွဲတေမှု ပပျောက်ရေးကို ဆောင်ရွက်နိုင်စေသည်ဟူသော ပြယုဂ်ဖြစ်စေခဲ့ပါကြောင်း၊ မြန်မာအပါအဝင် အဖွဲ့ဝင်နိုင်ငံများမှ အသေးစား၊ အလတ်စားကုမ္ပဏီ များအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် ကုန်စည်တန်ဖိုးကွင်းဆက်များ (Commodity Value Chains) တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ (Sustainable Development Goals) ကို အထောက်အပံ့ဖြစ်စေနိုင်မည့်   စီမံကိန်းများဆောင်ရွက်လိုပါက  CFC ထံတွင် ရန်ပုံငွေအဆိုပြုလျှောက်ထားနိုင်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)