ကျောက်တလုံးကြီး၊ မေ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ယမန်နေ့ညက လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွေတော်ကက္ကူဘုရားဝန်းအတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အရံစေတီများ ထီးတော်မြေခခြင်း၊ ယိမ်းယိုင်ခြင်းဖြစ်ပွားခဲ့ပြီး ကက္ကူကျေးရွာ၊ ဟမ်းဖို့ပေကျေးရွာ၊ဂနိုင်ထော့ကျေးရွာ၊ နမ့်ဗေးကျေးရွာများရှိ လူနေအိမ် ၁၀ လုံး ခေါင်မိုးပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စု၊ မွေတော်ကက္ကူ ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး/ ကက္ကူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းမှ ယမန်နေ့ည ၇ နာရီမှ ၉ နာရီခွဲ အချိန်ထိ လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းများကြောင့် မွေတော်ကက္ကူဘုရားဝန်းအတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အရံစေတီ (၆)ဆူမှာ ထီးတော်မြေခခြင်း၊ ယိမ်းယိုင်ခြင်းဖြစ်ပွားခဲ့ကြောင်း သတင်းပေးပို့လာသဖြင့် မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် ဌာနဆိုင်ရာများသည် ဘုရားဂေါပကအဖွဲ့နှင့်အတူ စေတီပျက်စီးမှုများအား စစ်ဆေးခဲ့ရာ အရံစေတီအမှတ် (A-3)၊ အရံစေတီအမှတ် (E-40)၊ အရံစေတီအမှတ် (F-30)၊ အရံစေတီအမှတ် (G-31)၊ အရံစေတီအမှတ် (G-31)၊ အရံစေတီအမှတ် (F-120) တို့မှာ ပစ္စယံဉာဏ်တော် (၂၂)ပေ၊ ထီးတော် (၂၀)လက်မရှိပြီး ကြာမောက်ကြာလန်မှ ကျိုးကျ၍ ထီးတော်မြေခခြင်း၊ အရံစေတီအမှတ် (G-187)၊ ပစ္စယံဉာဏ်တော် (၃၀)ပေ၊ ထီးတော် (၂၀)လက်မမှာယိမ်းယိုင်ခဲ့ပြီး စုစုပေါင်းတန်းဖိုး(၅၀၅၀၀၀ဝိ/-)ကျပ်ခန့် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများက လူနေအိမ်ပျက်စီးမှုအခြေအနေများအား ဆက်လက်စစ်ဆေးရာ ကက္ကူကျေးရွာရှိ လူနေအိမ် (၁) လုံး ၊ ဟမ်းဖို့ပေကျေးရွာရှိ လူနေအိမ် (၅) လုံး၊ ဂနိုင်ထော့ကျေးရွာရှိ လူနေအိမ် (၁) လုံး၊ နမ့်ဗေးကျေးရွာရှိ လူနေအိမ် (၃) လုံး စုစုပေါင်း လူနေအိမ် ၁၀ လုံးတို့မှာ ခေါင်မိုးသွပ်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်းနှင့် စုစုပေါင်းတန်ဖိုး (၁၆၁၀၀၀၀) ခန့်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment