မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး



မော်လမြိုင်၊ မေ ၃

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်ရှိ  အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ  မီးလောင်ပျက်စီးခဲ့ရသော ဦးသာညှင်းဓမ္မာရုံ နှစ်ထပ်အဆောက်အဦအား မူလပုံစံမပျက် (Steel Structure) ဖြင့် ပြန်လည်ပြင်ဆင် ဆောက်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ကျောင်းအကျိုးတော်ဆောင်နှင့် ဆောက်လုပ်ရေးတာဝန်ခံများက ဦးသာညှင်း ဓမ္မာရုံးအား မူလပုံစံမပျက် ဆောက်လုပ်ထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ   ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းမီစွာဖြင့် စေတနာထား ဆောက်လုပ်ကြရန်၊ ကျောင်းဖွင့်ကာလ အချိန်မီပြီးစီးရေး ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ဦးသာညှင်း ဓမ္မာရုံအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် အသစ်ဆောက်လုပ်လျက်ရှိသော အလျားပေ ၁၀၀၊ အနံပေ (၃၀) R.C.C သုံးထပ် အဆောက်အဦသစ်ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆောင်သစ်ဝန်းကျင်အနီး စိမ်းလန်းစိုပြေရေးနှင့် အရိပ်ရအပင်များ စိုက်ပျိုးရေး၊ ကလေးများအတွက် ကစားကွင်းများ ဖော်ဆောင်ပေးရေး တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)