စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


 မုံရွာ၊ မေ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ DACA ခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ ဒုတိယဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထား သူများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

ဦးစွာ အစည်းအဝေးတွင်  စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူ ရေးရာကော်မတီအနေနဲ့ စားသုံးသူတွေအခွင့်အရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုများအား တိုင်ကြားညှိနှိုင်းဖြေရှင်းပေးနိုင်သည့် နည်းလမ်းများ၊ ပညာပေးဆောင် ရွက်ခြင်းများ၊ သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အတူ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကိုစားသုံးသူပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုပါကြောင်း နှင့် ကော်မတီအဖွဲ့ဝင်များ အနေဖြင့် ယခင်ယခု အားသာချက်၊ အားနည်းချက်များကို အကြံပြုဆွေးနွေးပေးကြပါလို့ တိုက်တွန်းပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး‌ ညွှန်ကြားရေးမှူး ဦးစိုးအောင်က တိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီထံသို့ တင်ပြလာသည့် အကြောင်းအရာများ၊ ကော်မတီအနေဖြင့် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ထား ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက တင်ပြမှုများအပေါ်လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေး ဖြည့်စွက်ဆွေး နွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေး အကြံပြုချက်များ အပေါ် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီဥက္ကဌ ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ် ရီရီသန်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာအစည်းအ ဝေးကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

အဆိုပါ အစည်းအဝေးတွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း ဦးစားပေးကုန်စည်(၁၀)မျိုးအပေါ် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့မှု အခြေအနေ နှင့် ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်အတွက် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းနှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည်(၁၀)မျိုး ရွေးချယ် လျာထားမှု အမှာစာ(၆)ခုကို အတည်ပြုဆုံးဖြတ်ချက်ချ မှတ်ခဲ့ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)