ကန့်ဘလူ၊ မေ ၁၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနက သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၂) ရပ်ကွက် မြင့်မိုရ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးလွင်က ကျောင်းသားကျောင်းသူများအား သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အသိပညာပေးခြင်း၊ တောအုပ်ကြီး ဦးလှိုင်ထက်ကိုက သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး၊ တောအုပ်ဦးထွန်းနောင်က သစ်တောများနှင့်ရာသီဥတုလျော့ကျရေး၊ တောအုပ် ဦးအောင်မျိုးသန့်က သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို အသိပညာပေးဟောပြောကြသည်။
ထို့နောက် တက်ရောက်လာသူ ကျောင်းသား ကျောင်းသူများအား သစ်တောဦးစီးဌာန မှဝန်ထမ်းများက နိုင်ငံအဝန်း စိန်းလမ်းဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။
ယင်းနောက် သစ်ထုတ်လုပ်ရေးလုပ်ငန်းဌာန၌ သစ်ပင်စိုက်ပျိုးနည်းနှင့်သစ်ပင်များ စိုက်ပျိုးခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment