ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်း ဥပဒေချုပ်ရုံးတာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်း ဥပဒေချုပ်ရုံးတာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ


ချမ်းမြသာစည်၊ မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈လမ်း၊ ၁၀၄×၁၀၅ လမ်းရှိ တိုင်းဥပဒေချုပ်ရုံးအစည်းအ‌ဝေးခန်းမတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဥပဒေချုပ်ရုံးမှ တာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉:၃၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ဥပဒေရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်မှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းမှာကြားခဲ့သည်။ 

ဆက်လက်ပြီး တိုင်းဥပဒေအရာရှိ ဦးအေးသိန်းမှ တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆိုင်ရာဆောင်ရွက်မှု အခြေအနေများကို တင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပြည်‌ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တွေ့ဆုံပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ချမ်းမြေ့

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)