တောင်ကြီး မေ ၁၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယနေ့နံနက် (၇) နာရီခွဲက တောင်ကြီးမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့မှ မကြာမီ ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းတွင်း၊ ကျောင်းပြင်ရှိ မြက်များ၊ ချုံ၊ နွယ်များ ရေနုတ်မြောင်းများ၊ အမှိုက်သရိုက်သန့်ရှင်းဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှူ၍ စစ်ဆေးကာ ကျောင်းဆောင်များ၊ စာသင်ခန်းများလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ ကျောင်းတွင်း၊ ကျောင်းပြင် ချုံ၊ နွယ်၊ မြက်၊ အမှိုက်သရိုက်၊ ရေနုတ်မြောင်းများ သန့်ရှင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ စာသင်ခန်းများ၊ စာကြည့်တိုက်ခန်းမ၊ ကျောင်းရှိရေသန့်စက်တို့ကို ကြည့်ရှုစစဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment