ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်း သုခဒဂုံဈေး တည်ဆောက်ပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်း သုခဒဂုံဈေး တည်ဆောက်ပေးမည်









ရန်ကုန်၊ မေ ၁

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဧပြီ (၂၈)ရက် နံနက်ပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် (၇) မြို့ပတ်လမ်းရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ အဝင်မုဒ်ဦးနှင့် သုခဒဂုံဈေး တည်မည့်မြေနေရာတို့အား ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာ အဝင်မုဒ်ဦးအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း‌နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သုခဒဂုံဈေး တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ၃၉၂ ခန်းပါ ဈေးရုံ၇ ရုံ၊ လေဟာပြင်ဈေး၊ စီမံခန့်ခွဲရေးရုံး၊ အများသုံးသန့်စင်ခန်း၊ ယာဉ်ရပ်နားနေရာ၊ ကုန်တင်ကုန်ချနေရာ၊ အမှိုက်စွန့်ပစ်နေရာ၊ ရေလှောင်ကန်၊ ရေစင်၊ Box Culvert တည်ဆောက်မည့်နေရာတို့အား လည်းကောင်း၊ သဲဖို့ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း၊ ဈေးရုံ (၁)ရုံ၊ အများသုံးသန့်စင်ခန်းနှင့် မိလ္လာကန်၊ အမှိုက်စွန့်ပစ်နေရာ၊ လျှပ်စစ်လုပ်ငန်းနှင့် အတွင်းပိုင်းလျှပ်စစ်မီး၊ သန့်စင်ခန်းနှင့် ရေစက်မော်တာ Wire သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)