မြေပဲသီးနှံပန်းတိုင်အထွက်ရရှိရေးနှင့် မျိုးစေ့ထုတ်လုပ်ခြင်းအကြောင်း ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပဲသီးနှံပန်းတိုင်အထွက်ရရှိရေးနှင့် မျိုးစေ့ထုတ်လုပ်ခြင်းအကြောင်း ဆွေးနွေး


နေပြည်တော်၊ မေ ၅

တောင်သူများနှင့် စိုက်ပျိုးရေးသုတေသီပညာရှင်များအကြား အတွေးအမြင်အယူအဆကွာဟမှုမရှိစေဘဲ တစ်သားတည်းဖြစ်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အပတ်စဉ် စနေနေ့တိုင်း ကျင်းပလျက်ရှိသော တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ (၃၃)ကြိမ်မြောက် ကျင်းပသည်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ စိုက်ပျိုးရေးသုတေသီများပညာရှင် ၈၂ ဦး၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ တောင်သူ ၄၆ ဦးတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ တောင်သူများနှင့် စိုက်ပျိုးရေးသုတေသီပညာရှင် ၁၃၅ ဦးတို့က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် မြေပဲသီးနှံနှင့်ပတ်သက်ပြီး ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး ကြိုးစားဆောင်ရွက်ရာတွင် အထွက်နှုန်းကောင်း၊ ရလဒ်ကောင်းပြီး ရေသွင်းရေထုတ်လွယ်ကူသောစနစ်ဖြစ်သည့် ပေါင်ကြီးတင်စိုက်ပျိုးနည်းစနစ်နှင့် မြေပဲသီးနှံ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပြန့်ပွားရေးနည်းလမ်းများ၊ မြေပဲသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်ပတ်သက်၍ တောင်သူများအကျိုးရှိနိုင်ရေး ရည်ရွယ်ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ နည်းပညာကိုအခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းတွင် ကျေးလက်ဒေသ လူငယ်လူရွယ်များ တက်ကြွစွာပါဝင်လာကြစေရန်လိုကြောင်း၊ ခိုင်းနွား၊ ခိုင်းကျွဲများကို လုံးဝလက်လွှတ်နိုင်ရန် မဖြစ်နိုင်သေးသည့်အတွက် ပြန်လည်မွေးမြူကြရန်၊ စက်မှုလယ်ယာစနစ်အဖြစ် တိုးတက်ပြောင်းလဲရေးနှင့် စက်စွမ်းအားပြည့်အသုံးချနိုင်ရေး ကြိုးပမ်းလျက်ရှိသကဲ့သို့ အချို့လုပ်ငန်းရပ်များတွင် ခိုင်းနွား၊ ခိုင်းကျွဲများကို လုံးဝလက်လွှတ်နိုင်ရန် မဖြစ်နိုင်သေးသည့်အတွက် နွားနှင့် ကျွဲမွေးမြူမှုကို အားပေးဆောင်ရွက်ကြရန်လိုကြောင်းနှင့် ဘိုးဘွားပိုင်လယ်မြေများကို ဆက်လက်စိုက်ပျိုးလုပ်ကိုင်ကြရန်လိုကြောင်း၊ မြို့နယ်တာဝန်ခံများအနေဖြင့်လည်း မိုဘိုင်းဖုန်းအခြေခံဆက်သွယ်ရေး နည်းပညာအသုံးပြု၍ တောင်သူများ နည်းပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ပြီး အဝေးရောက်တောင်သူများ၏ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရန်လိုကြောင်း၊ တောင်သူနှီးနှောဖလှယ်ပွဲများ တက်ရောက်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေသည့် မူဝါဒများကို သိရှိနိုင်ရုံမက မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်ကြောင်း တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ (၃၃)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers technical forum)ကို “မြေပဲသီးနှံပန်းတိုင်အထွက်ရရှိရေးနှင့် မျိုးစေ့ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ သက်ဆိုင်ရာပညာရှင်များက ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရေးဆိုင်ရာနည်းစနစ်ကောင်းများ၊ မြေပဲသီးနှံ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်းဆိုင်ရာများကို ဆွေးနွေးတင်ပြကြပြီး တောင်သူများ၏ မေးမြန်းမှုကို အသေးစိတ်ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)