နေပြည်တော်၊ မေ ၅
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ၃-၅-၂၀၂၄ ရက်နေ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် ၁၀၉ ဒသမ ၈ သန်းဖြင့်ဆောင်ရွက်ပြီးစီးခဲ့သည့် လင်းခေးမြို့နယ် ဟိုမိန်းမြို့လုလေကျေးရွာ ဘုန်းတော်ကြီးကျောင်း ပေ(၆၀ x ၃၀) တစ်ထပ်အသစ်တစ်လုံး ဆောက်လုပ်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး၍ ကျောင်းထိုင် ဆရာတော်ထံလှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ကျေးရွာသူကျေးရွာသားများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေကျပ် ၂၈၅ ဒသမ ၂ သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လင်းခေးမြို့နယ် ဟိုမိန်းမြို့ ဟိုမိန်း-နားမွန်းလုံ ကျေးရွာသွား လမ်းပေါ်ရှိ ပန်သပြေရွာအဝင် ၂၅ ပေ သံကူကွန်ကရစ်တံတားတစ်စင်း၊ ပန်သပြေကျေးရွာ ရွာလယ်ပေ ၃၀ သံကူကွန်ကရစ် တံတားတစ်စင်းနှင့် နားမွန်းလုံကျေးရွာပေ ၂၀ သံကူကွန်ကရစ် တံတားတစ်စင်းတည်ဆောက် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံ ငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဟိုမိန်းမြို့တွင်း လမ်းသုံးမိုင် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့် နေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူများ နှင့်တွေ့ဆုံကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment