ဂွ ၊ မေ ၂၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊မြို့နယ်လုံးဆိုင်ရာကျောင်းအပ်နှံရေး နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)၊အခြေခံပညာအထက်တန်း ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးတင်အောင်က မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက် များကိုရှင်းလင်းတင်ပြသည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်ကျော်နှင့်တာဝန်ရှိသူများက နိုင်ငံတော်က အခမဲ့ဖြန့်ဝေသည့် ပစ္စည်းများကို ကျောင်းသား၊ကျောင်းသူများသို့ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ ဆရာ ၊ ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment