ရန်ကင်းမြို့နယ်၌ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ရပ်ကွက်စာကြည့်တိုက်များသို့ ကွင်းဆင်း၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်၌ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ရပ်ကွက်စာကြည့်တိုက်များသို့ ကွင်းဆင်း၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်



ရန်ကင်း  ၊  မေ  ၂၇

ရန်ကုန်တိုင်း​ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မေလ(၂၅)ရက်နေ့ နေ့လယ် (၂) နာရီက အမှတ်(၄) ရပ်ကွက် မြို့မကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်သို့ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးလှတိုး၊ အတွင်းရေးမှူး ဒေါ်လှလှထွေးနှင့်အတူ ကော်မတီဝင်များဖြစ်သည့် ဆရာမမအေးပွင့်၊ ဆရာမောင်မြတ်နိုး၊ ဆရာဦးရဲဝင်းကျော်နှင့် ဒေါ်ဥမ္မာမိုးတို့ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့မကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးကျော်ဌေးက မြို့မစာကြည့်တိုက် လှုပ်ရှားဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ စာကြည့်တိုက်အဆောက်အအုံပြင်ဆင်လိုသည့်အချက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှူးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးလှတိုး၊ နှင့်အဖွဲ့ဝင်များက ဦးကျော်ဌေးတင်ပြလာမှူအပေါ် ဆက်လက်ဆောင်ရွက်သင့်သည့်အခြေအနေများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှလှထွေးက စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် စာကြည့်တိုက်မှူးတယောက် လိုအပ်ကြောင်း၊ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ရပ်ကွက်သူ/ရပ်ကွက်သားများ၏ စိတ်ပါဝင်စားမှုလိုအပ်ကြောင်း၊ ငွေအား/လူအားများလိုအပ်ကြောင်း၊ စာကြည့်တိုက်များဖွင့်ပြီး လူငယ်တွေစာဖတ်ရန်လိုအပ်ကြောင်း၊ ရပ်ကွက်စာကြည့်တိုက်များမှ တင်ပြလာမှူ အပေါ်အထက် အဆင့်ဆင့်သို့ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း၊ ရပ်ကွက်တိုင်း/ရပ်ကွက်တိုင်း ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များ ပြန်လည်ရှင်သန်လာအောင် ဆောင်ရွက်ပေးကြရန်၊ မိမိတို့အနေနှင့်လည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်များ မှတ်ပုံတင်ရရှိရေးကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စံညီစာကြည့်တိုက်များ၏ အချက်အလက်များ၊ မှတ်ပုံတင်ဆောင်ရွက်ရမည့်အ ခြေအနေ များ၊ သက်တမ်းတိုးဆောင်ရွက်ရမည့် အခြေအနေများစသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


လှလှထွေး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)