ပေါင် ၊ မေ ၂၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဘာသာ စာမေးပွဲဆုချီးမြှင့်ခြင်းနှင့် အောင်လက်မှတ်ပေးအပ်ပွဲကိုယနေ့နံနက်ပိုင်းက သာသနာ့ဗိမာန်တော်ကြီး၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်သံဃနာယက ဥက္ကဌ ဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆိုပြီး (၅) ပါးသီလ ခံယူဆောက်တည်ကြသည်။ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးထင်လင်းအောင် က ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေကို စောင့်ထိန်း သောအနေဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာပေများကို သင်ယူတက်မြောက်ခြင်းသည် မင်္ဂလာရှိသည်ဖြစ်၍ ကျောင်းသား၊ကျောင်းသူများ ကြိုးစားစေချင်ကြောင်းအမှာစကားပြောကြားခဲ့သည်။
ထို့နောက်မြို့နယ် ပညာရေးမှူးဒေါ်စန်းစန်းအေး က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို လျှောက်ထားတင်ပြခြင်း၊ မြို့နယ် YMBA ဥက္ကဌမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက ဗုဒ္ဓဘာသာစာမေးပွဲတွင် ထူးချွန်စွာအောင် မြင်ခဲ့သော ကျောင်းသား၊ကျောင်း သူများကို ဆုချီးမြှင့်ခြင်းနှင့်အောင်လက်မှတ်များပေးအပ်ခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost


No comments:
Post a Comment