သရက်မြို့၌ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ





သရက်  ၊  မေ  ၂၇


မကွေးတိုင်းဒေသကြီး သရက်မြို့၌ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ်(၃) အခြေခံအလယ်တန်းကျောင်းတွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် သရက်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးထွန်းညွန့်တင်က သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများအကြောင်း အသိပညာပေးဟောပြောပေးခဲ့ပြီး သရက်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်မင်းထွန်းက သစ်တောများနှင့် ရေဝေရေလဲ ဒေသများထိန်းသိမ်းရေး၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့သည်။


ထို့နာက် အခမ်းအနားတက်ရောက်သည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက မြို့မပျိုးဥယျာဉ်သို့ လေ့လာခဲ့ကြပြီး ပျိုးပင်များအား တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ကျွန်း၊ တမာ၊ ခရေ၊ ရေတမာနှင့် ပိတောက်ပင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဇော်ထက်(သရက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)