ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

 



ကြံခင်း ၊  မေ  ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးရာသီချိန်တွင် လုပ်ငန်းခွင် အဆင်ပြေစေရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံးတွင် ကြံခင်းမြို့နယ် ရွှေတောင်စုရပ်ကွက်ရှိ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ မိုးစပါးစိုက်ပျိုးစရိတ်ချေးမည့် တောင်သူများအား မြို့နယ်မန်နေဂျာ ဒေါ်လွင်လွင်ဦးက ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာနှင့်တာဝန်ရှိသူများမှ ရွှေတောင်စုရပ်ကွက်ရှိတောင်သူ (၂၄) ဦး၏ ဧက(၁၁၅) လယ်ဧကအတွက် တစ်ဧကလျှင် (၁၅၀,၀၀ဝ/-) နှုန်းဖြင့်ငွေကျပ်သိန်း (၁၇,၂၅၀,၀၀ဝ/-) အား ထုတ်ချေးပေးကြသည်။


ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးချေးငွေများကို စက်တင်ဘာ(၃၀)ရက်နေ့ထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်းနှင့် ကျေးရွာအုပ်စု(၃၂)အုပ်စုရှိ မိုးစပါးစိုက်တောင်သူ (၅၆၀၀) ဦး၊ လယ်ဧက (၃၂၀၀၀) အတွက် ငွေကျပ်သိန်းပေါင်း(၄၈၀၀၀/-) ထုတ်ချေးပေးရန်လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံက သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)