လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre Lashio) တွင် ပန်းအလှပြင် ပန်းအလှဆင်သင်တန်း (၄/၂၀၂၄) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre Lashio) တွင် ပန်းအလှပြင် ပန်းအလှဆင်သင်တန်း (၄/၂၀၂၄) ဖွင့်လှစ်

 




လားရှိုး  ၊  မေ ၂၀ 


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြင် ပန်းအလှဆင်သင်တန်း (၄/၂၀၂၄) ဖွင့်ပွဲကို မေလ ၁၈ ရက်နေ့ နံနက် (၈) နာရီက (Community Centre) တွင် ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန် သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းတွင် လိုက်နာရမည့်စည်းကမ်းများနှင့်ပတ်သက်၍ သင်တန်းနည်းပြဆရာ ဦးသန်းမင်းဦးက ရှင်းလင်းပြောကြားသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre Lashio)  ၌ ဖွင့်လှစ်သည့် လေးရက်ကြာဖွင့်လှစ်မည့် ပန်းအလှပြင်၊ ပန်းအလှဆင်သင်တန်းအမှတ်စဉ် (၄/၂၀၂၄)သို့ သင်တန်းသား၊ သင်တန်းသူ (၂၀ ) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


စိုင်းထွန်း (လားရှိုး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)