မော်လမြိုင်မြို့ ၊ မေ ၂၄
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဆရာဝန်နှင့် သူနာပြုများအတွက် အရေးပေါ်ကုသမှုသင်တန်း (Emergency Care Training for Medical Officers and Nurses) သင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် ကုသရေးဦးစီးဌာနမှူး၊ မွန်ပြည်နယ်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မော်လမြိုင်မြို့၊ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် ခုတင် (၂၀၀) ဆံ့ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်နှင့် အထူးကုဆရာဝန်ကြီးများ၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်မှ အရေးပေါ်ကုသမှုဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ခိုင်ရွှေဝါ ဦးဆောင်သော ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးတို့မှ သင်တန်းပို့ချမည့် ဆရာ/ ဆရာမများ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ သင်တန်းတက်ရောက်မည့် တိုက်နယ်ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ကရင်ပြည်နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်က ဆရာဝန်နှင့် သူနာပြုများအတွက် အရေးပေါ်ကုသမှု သင်တန်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်မှအရေးပေါ်ကုသမှု ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး ဒေါက်တာခိုင်ရွှေဝါက ဆရာဝန်နှင့် သူနာပြုများအတွက် အရေးပေါ်ကုသမှု သင်တန်းနှင့်စပ်လျဉ်း၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ် ကုသရေးဦးစီးဌာနမှူးမှ သင်တန်းဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ပါမောက္ခ/ ဌာနမှူး ဒေါက်တာခိုင်ရွှေဝါမှ သင်တန်း ကို ကူညီပံ့ပိုးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment