မိုင်းရယ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ သူများ ကျောင်းစတင်အပ်နှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ သူများ ကျောင်းစတင်အပ်နှံ



မိုင်းရယ် ၊   မေ  ၂၄


၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုင်းရယ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ ကျောင်းစတင်အပ်နှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ လက်ခံဆောင်ရွက်နေပြီဖြစ်ကြောင်း အခြေခံပညာကျောင်းများမှ သိရသည်။

အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလကို ယနေ့မှစ၍ လကုန်ရက်အထိ သတ်မှတ်ထားပြီး မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားမိဘများ၊ ကျောင်းသား/သူများက ကျောင်းအပ်နှံခြင်းကို စိတ်လက်တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဆရာ/မများက ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသည့် ဆောင်ပုဒ်အတိုင်း ကျောင်းအပ်နှံရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်တွင် အထက(၃) ကျောင်း၊ အလယ်တန်း(၃၆)ကျောင်း၊ မူလတန်း (၆၃)ကျောင်း အခြေခံပညာကျောင်းပေါင်း (၁၀၂)ကျောင်းတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းရယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)