ကယား၊ ကရင်၊ ရခိုင်၊ စစ်ကိုင်းတို့တွင် အကြမ်းဖက်အဖွဲ့များက တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယား၊ ကရင်၊ ရခိုင်၊ စစ်ကိုင်းတို့တွင် အကြမ်းဖက်အဖွဲ့များက တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိ



နေပြည်တော်၊ မေ ၁၈

တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ယမန်နေ့က ကယားပြည်နယ် လွိင်လင်လေးဒေသ၊ ထီးစဲခါးတံတား လုံခြုံရေးအဖွဲ့အား KNDF/PNLA အကြမ်းဖက်အဖွဲ့များက Drop Bomb ၅ လုံး ချ တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရပြီး ထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ တပ်ရင်းဌာနချုပ်နှင့် စစ်ဆေးရုံအား KNLA အကြမ်းဖက်အဖွဲ့ တမဟ (၅) မှ Drop Bomb ၂၄ လုံး ကြဲချသဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြိုနယ်အတွင်းရှိ တပ်ရင်းဌာနချုပ် ၁ ခုနှင့် ကာကင်းနေရာများအား AA အကြမ်းဖက် သောင်းကျန်းသူ ၅၀ ဦးခန့်သည် Drop Bomb ၆ လုံးကြဲချပြီး တိုက်ခိုက်လာသဖြင့် မိမိဘက်မှ ပြန်လည် ပစ်ခတ်ချေမှုန်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေစကြိုမြိုနယ်၊ ကျောက်ထပ်ရွာအား သတင်းအရ ဝင်ရောက်ရှင်းလင်းစဉ် အကြမ်းဖက်သမား ၁၅ ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားပြီး အကြမ်းဖက် ၆ လောင်း၊ လုပ်သေနတ် ၉ လက်၊ ကျည် ၅၀၀ ကျော်၊ လက်ပစ်ဗုံး ၆ လုံး၊ Drop Bomb ၁ လုံး၊ ယမ်းမှုန့် ၈ ပိဿာ၊ ဒီတိုနေတာ ၁၀၂ ချောင်း၊ တဲ ၃ လုံး၊ အိုင်ကွန် ၇ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၃ စီး၊ ဆန် ၂ အိတ် သိမ်းဆည်းရမိပြီး အကြမ်းဖက်သမားများ မြောက်ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးနေသည့် ဒေသခံပြည်သူများ၏ သတင်းပေးမှုကြောင့် မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာအနီးရှိ မသင်္ကာဖွယ်တဲ ၁ လုံးအား ဝင်ရောက်ရှင်းလင်းရာ အမျိုးသား ၁ ဦး ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရပြီး ၁၂ ဗို့ သေနတ် ၁ လက်၊ ကျည် ၁၈ တောင့်၊ တရုတ်လက်ပစ်ဗုံး ၁ လုံးနှင့် အတူ အသေဖမ်းဆီးရမိပြီး တဲအတွင်းမှ ဆိုင်ကယ် ၁၀ စီး၊ သေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့် တွင်ခုံ ဆက်စပ်ပစ္စည်းမျိုးစုံတိုအား သိမ်းဆည်းရမိကြောင်း သိရသည်။


(ယမန်နေ့ ၁၇-၅-၂၀၂၄ ရက်နေ့က နယ်မြေဒေသအခြေအနေများကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)