မံစီ၊ ဗန်းမော် မိုးမောက် တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA/PDF အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲများဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မံစီ၊ ဗန်းမော် မိုးမောက် တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA/PDF အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲများဖြစ်



နေပြည်တော်၊ မေ ၁၈

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ တပ်ရင်းဌာနချုပ်တစ်ခု၏ အနီးဝန်းကျင်တွင် နယ်မြေရှင်းလင်းနေသော စစ်ကြောင်းနှင့် KIA/PDF အကြမ်းဖက်သမား ၃၀၀ ခန့်တို့ ယမန်နေ့(၁၇-ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူယူ၍ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။ ဖြစ်စဉ်အတွင်း KIA/PDF ၁ လောင်း၊ AK သေနတ် ၁ လက်၊ ကျည်အိမ်/ကျည်ဆန်များ သိမ်းဆည်းရမိပြီး တပ်မတော်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မံစီမြိုနယ်အတွင်းရှိ တပ်ရင်းဌာနချုပ် နေရာ ၂ ခုအား KIA/PDF အကြမ်းဖက်သမားများက အဝေး ၂ နေရာမှ နှောင့်ယှက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ ဗန်းမော်မြိုနယ်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော စစ်ကြောင်းနှင့် KIA/PDF အကြမ်းဖက်သမား ၉၀ ဦးခန့်တို့ ဗန်းမော်မြို့၏ တောင်ဘက် မီတာ ၇၀၀၀ ခန့်တွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာ သွားကြပြီး တပ်မတော်သား ၁ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ဗန်းမော်မြိုနယ်ရှိ တပ်ရင်းဌာနချုပ် ၂ ခုနေရာသို့ KIA အဖွဲမှ့ ရှော့တိုက်ဒုံး ၇ လုံးပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရပြီး လူ/အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရသည်။

မိုးမောက်မြို့နယ်ရှိ တပ်ရင်းဌာနချုပ် ၁ ခုအား KIA/PDF သကသ ၁၅၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ရွပ်ရွပ်ချွံချွံပြန်လည်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

အလားတူ မိုးမောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းများနှင့် KIA/PDF အကြမ်းဖက်သမား ၅၀ ဦး တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ ရှော့တိုက်ဒုံး ၁၂ လုံး၊ ၆၀ မမ ၂၅ လုံးတိုဖြင့် အဝေးမှ နှောင့်ယှက် တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

KIA အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို၏ ခေါင်းဆောင် Rခေါင်လွမ်း ကျဆုံးမှုကို မကျေနပ်ခြင်းနှင့် စိတ်ဓာတ်ကျဆင်းနေသော KIA အဖွဲများအား ပြန်လည်စိတ်ဓာတ်တက်ကြွစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသော်လည်း တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံ ခုခံ တွန်းလှန်နေမှုများကြောင့် အကျအဆုံးများပြားလျက်ရှိကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)