ပြင်ဦးလွင်မြို့ သံဃသာမဂ္ဂီမဟာပဝါရဏာသိမ်တော်ကြီးတွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) တတိယအကြိမ်မြောက် သံဃာတော်(၁၀၈)ပါး သံဃပူဇာဆွမ်းလောင်းလှူပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့ သံဃသာမဂ္ဂီမဟာပဝါရဏာသိမ်တော်ကြီးတွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) တတိယအကြိမ်မြောက် သံဃာတော်(၁၀၈)ပါး သံဃပူဇာဆွမ်းလောင်းလှူပွဲအခမ်းအနား ကျင်းပ



ပြင်ဦးလွင်၊ မေ ၂၂

ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ၁၃၈၆ ခုနှစ် ၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) နံနက် ၆ နာရီမှစတင်၍ တတိယအကြိမ်မြောက် သံဃာတော်(၁၀၈)ပါးအား လှူဖွယ်ပစ္စည်းများနှင့် သံဃပူဇာဆွမ်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့ရပ်ကွက်ကြီး(၂)ရှိ သံဃသာမဂ္ဂီမဟာပဝါရဏာ သိမ်တော်ကြီး၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ သံဃာတော်(၁၀၈)ပါး သံဃပူ‌ဇာဆွမ်းလောင်းလှူပွဲအခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်အလှူရှင်များ စုစုပေါင်း(၄၅၀)ဦးခန့် တက်ရောက်လောင်းလှူကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။

ပြင်ဦးလွင်မြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) တတိယအကြိမ်မြောက် သံဃာတော်(၁၀၈)ပါး သံဃပူဇာဆွမ်းလောင်းလှူပွဲအခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ပင့်သံဃာ(၁၀၈)ပါးအား  လှူဒါန်းငွေကျပ်တန်ဖိုး(၁၃၀၆၈၅၀၀)နှင့် လှူဖွယ်ဝတ္ထုပစ္စည်းတန်ဖိုး(၁၄၇၆၀၀၀) စုစုပေါင်းတန်ဖိုး(၁၄၅၄၄၅၀၀)ကျပ်ခန့် လှူဒါန်းပူဇော်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


ဖြူလူသစ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)