ကမမောင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမမောင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနား ကျင်းပပြုလုပ်







ကမမောင်း၊ မေ ၁၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့က အ.ထ.က(ကမမောင်း) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)  အခြေခံပညာအလယ်တန်းကျောင်းခွဲတို့၌ ကျင်းပပြုလုပ်ခဲ့သည်။

၎င်းအခမ်းနားသို့ ကမမောင်းမြို့အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်မှ ဒုတိယဗှိုလ်မှူးကြီး၊ ဖာပွန်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဖာပွန်ခရိုင်ပညာရေးမှူး၊ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဖာပွန်မြို့နယ်ပညာရေးမှူး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး၊ ကမမောင်းနယ်မြေ ရဲစခန်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ တတ်ရောက်ခဲ့ကြပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြကာ စုပေါင်းအမှတ်တရ ဓာတ်ပုံံရိုက်ကြကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၄ ခုနှစ်၊ မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့ထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)