ပွင့်ဖြူ ၊ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းပူဇော်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဝတ်ရွတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုပေါင်း၍ မေ ၂၂ ရက်နေ့ ညနေ ၅ နာရီက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအနီးရှိ စကြာပန်းတောင်းစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ညောင်ရေသွန်းလောင်းပူဇော်ပွဲသို့ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝတ်ရွတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြပြီး ဦးစွာ စကြာပန်းတောင်းစေတီတော်မြတ်ကြီးအား ဦးခိုက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတိုင်များ ထွန်းညှိကပ်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းအဖွဲ့က စကြာပန်းတောင်းစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းကုသိုလ်ပြုခဲ့ကြပြီး ညောင်ရေသွန်းလောင်းပူဇော်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများကို စေတနာအလှူရှင်များက စားသောက်ဖွယ်ရာများဖြင့် စတုဒိသာကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)
https://t.me/MyanmarNationalPost

No comments:
Post a Comment