ဟိုမိန်းမြို့တွင် “အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုမိန်းမြို့တွင် “အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်


ဟိုမိန်း  ၊  မေ  ၂၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် စာပေဖတ်ရှုသူအချင်းချင်း ရင်းနှီးမှုရှိစေရန်၊ စာပေဖတ်ရှုခြင်းမှတစ်ဆင့် လူငယ်လူရွယ်များ အသိပညာဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းအလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတိုးပွားရရှိစေရန်အတွက် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏ အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးနောက် ပညာတတ်ဖို့ စာဖတ်ရမည် ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသော စာအုပ်စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်နှင့် လူငယ်(Youth Club )အဖွဲ့ဝင်များက စာရေးဆရာမောင်ခင်မင် (ဓနုဖြူ) ၏ အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်တွင်ပါဝင်သည့် “လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ၊ ပညာရေးတက္ကသိုလ်၏ တစ်ထောင့်တစ်နေရာ၊ သူတို့ပြောတဲ့မြန်မာအကြောင်း၊ စိတ်ကူးလမ်းကြောင်းအပိတ်အဖွင့်၊ ဝတ္ထုမဖတ်တာ ရှက်စရာ၊ ဆရာတပည့်ပုံရိပ်များ၊ တက္ကသိုလ်ပညာ ရပ်များ တန်းတူရည်တူ၊ ခေတ်နှင့်အညီ ဘာသာရပ်ဖွံ့ဖြိုးရေး”အစရှိသည့် စာအုပ်ပါအကြောင်းအရာများကို စာဖတ်ဝါသနာရှင်များကို နားလည်သိရှိစေရန် ဆွေးနွေးပြောကြားပြီး သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်းနှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာအုပ်စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်နှင့် လူငယ် (Youth Club) အဖွဲ့ဝင်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုမိန်းမြို့ရုံးတွင် ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်နှင့် နံရံကပ်စာစောင်များကို စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။


ဟိုမိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)