မင်္ဂလာတောင်ညွန့်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာတောင်ညွန့်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ



မင်္ဂလာတောင်ညွန့် ၊  မေ ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အ.ထ.က(၅)ကျောင်းမှ ကျောင်းသား/သူလေးများက မြန်မာကျောင်းအဖွင့်သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဉီးအောင်လွင်၊ ခရိုင်ပညာရေးမှူးဆရာမကြီးဒါက်တာခင်သူဇာစိန်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းတို့က အဖွင့်အမှာစကား​ပြောကြားခဲ့ကြပြီး မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်မော်မော်ခိုင်ကလည်း ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြပါသည်။။  


ထို့နောက် ကျောင်းအပ်နှံရေးအခမ်းအနားဖြစ်မြောက်ရေးနှင့် အခြေခံပညာကျောင်းများ၏ ပညာရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက် ကူညီပံ့ပိုးပေးကြသောအလှူရှင်များထံမှ အလှူငွေလက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခြင်းများကို တာဝန်ရှိသူအသီးသီးက အလှူငွေလက်ခံခြင်းနှင့်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပြီး အ.လ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ပါသည်။


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ မိခင်နှင်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)