ပလောက်မြို့တွင် ကွန်ကရစ်ပစ္စည်းများ တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောက်မြို့တွင် ကွန်ကရစ်ပစ္စည်းများ တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

 




ပလောက် ၊  မေ  ၂၈


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အမှတ်(၁) ရပ်ကွက်တွင် ကွန်ကရစ်ပစ္စည်းများ တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအတွက် ဝင်ငွေများရရှိ၍ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသည့် ပစ္စည်းများမှာ ခြံစည်းရိုးကွန်ကရစ်တိုင်၊ ရေတွင်းခွေ၊ မိလ္လာသုံးကျောက်ခွေ၊ ရေပြွန်၊ ဝက်စားကျင်းခွက်၊ စသည့်ပစ္စည်းများအား နေအိမ်တွင် ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ကွန်ကရစ်ပစ္စည်း အဓိကရောင်းအားကောင်းတာကတော့ ကွန်ကရစ်ကျောက်တိုင်၊ ကွန်ကရစ်ဖိနပ်တိုင်၊ နွားစာကျင်းခွက်၊ ရေထည့်ကျောက်စည်များဖြစ်ပါတယ်၊ တစ်ခါတစ်ရံကျေးလက်လမ်းများ ပြုလုပ်ရာတွင် အသုံးပြုသည့် ရေပြွန်များလည်း ပြုလုပ်ရောင်းချရပါတယ်၊ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ ကျောက်စရစ်၊ သဲ၊ သံချောင်းများ ဖြစ်တာကြောင့် ဝယ်လိုအားပေးမှုအပေါ် မူတည်ပြီး အနည်းငယ် ပြောင်းလဲဈေးတက်ခဲ့ပါတယ်၊ ကျွန်တော်တို့ဆိုင်ကတော့ ခြံစည်းရိုးကျောက်တိုင် အမြင့်(၇)ပေ ထု(၄) လက်မ တစ်တိုင်ကို (၆၅၀၀)ကျပ်နှင့် ​ပစ္စည်း အမျိုးအစားအလိုက် ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချပေးလျက်ရှိပါ တယ်” ဟု ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူ ဦးအေးထံမှ သိရသည်။


နှင်းမြူလွင် ( ပလောက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)