မုဒုံ ၊ မေ ၂၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ယခုနှစ် မိုးရာသီ သီးနှံများစိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် လယ်ယာမြေထွန်ယက် ပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။
မိုးသီးနှံစိုက်ပျိုးရာသီချိန်တွင် ဆန်စပါးကိုအဓိကထား စိုက်ပျိုးကြပြီး တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးစေ့များ ထောက်ပံ့ပေးခြင်း၊ သဘာဝဓာတ်မြေသြဇာများ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန် နည်းပညာပေးခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် လက်တွေ့ပြသခြင်း၊ သဘာဝမြေသြဇာပြုလုပ်သုံးစွဲနည်းနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းများကို ဝန်ထမ်းများက ကွင်းဆင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်ထံမှ သိရသည်။
မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၇၅၁၉၆ ဧက၊ ဟင်းသီး ဟင်းရွက်စုံ ၂၁၂၅ ဧကနှင့် အခြားသီးနှံ ၁၀၂ ဧကကို စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။
အောက်မျိုးသူ
https://t.me/MyanmarNationalPost

No comments:
Post a Comment