မင်းလှ၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှ၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ






မင်းလှ  ၊   မေ  ၂၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း၊ သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို ကျောင်သား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်အေးက မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပရခြင်းနှင့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် နိုင်ငံတော်မှပေးအပ်လှူဒါန်းသော အခမဲ့‌ကျောင်းသုံးပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျောင်းအုပ်ကြီးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောင်းသား/သူ‌လေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။


မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၅၅)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်း(၄)ကျောင်းတို့၌  ကျောင်းအပ်လက်ခံခြင်းများကို အခမဲ့လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ပေါက်စ(မင်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)