သံတောင်ကြီး ၊ မေ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာဒေသအတွင်း ရှိသဘာဝပျားရည်များသည် ဆေးဖက် ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချသည့်အတွက် သံတောင်ကြီးဒေသထွက် ပေါ်ဦးပေါ်ဖျားပျားရည်များ ဈေးကောင်းရရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်အတွင်းရှိ သဘာဝပျားရည်များကို တောတောင်ထူထပ်သည့်နေရာများမှအမြင့် ပေ ၈၀ မှ ၁၀၀ ခန့်ရှိသစ်ပင်ကြီးများတွင် စွဲနေသည့်ပျားအုံများကိုတွေ့ရှိရပြီး ၎င်းပျားအုံများကို နွေအကုန် မိုးအကူးအချိန်၌ ပျားဖွတ်ခြင်း လုပ်ငန်းလုပ်ကိုင်သူများက သစ်ပင်ကြီးရှိပျားစွဲသည့် နေရာများသို့သွားရောက်ကာ ပျားဖွတ်လေ့ရှိသည်။
အဆိုပါ သံတောင်ကြီးဒေသထွက် ပျားရည်များသည် သဘာဝပျားရည်စစ်စစ်ဖြစ်ပြီးဆေးဖက်ဝင်သည့်အတွက် တောင်ငူမြို့/ရန်ကုန်မြို့နှင့်မြန်မာနိုင်ငံအနှံသာမက နိုင်ငံရပ်ခြားသို့ပါ တင်ပို့ရောင်းချရခြင်းကြောင့် ယခုအချိန်တွင် ပေါ်ဦးပေါ်ဖျားပျားရည်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်း ရရှိကာတစ်ပုလင်းလျှင် ကျပ် (၁၀၀၀၀)မှ ကျပ် (၁၂၀၀၀) ထိရရှိကြောင်း ပျားရည်ရောင်းဝယ် လုပ်ကိုင်သူဒေါ်ရှားရိုဖောထံက သိရသည်။
နော်နော်မူ
https://t.me/MyanmarNationalPost
No comments:
Post a Comment