ကျိုက်လတ် ၊ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ သမက်ပြေဝကျေးရွာအုပ်စု၊ ကွမ်းသီးပင်စုကျေးရွာ၌ ယမန်နေ့ နံနက်(၇)နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကာတာအုတ်တံတိုင်း ပြိုကျသဖြင့် လူနေအိမ် (၁)လုံး ပြိုကျပျက်စီးခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကာတာအုတ်တံတိုင်း ပြိုကျခြင်းတို့ကြောင့် ကျိုက်လတ်မြို့နယ်၊ သမက်ပြေဝကျေးရွာအုပ်စု၊ ကွမ်းသီးပင်စုကျေးရွာနေ ဒေါ်လှဝင်း၏ အလျား(၁၅)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၀)ပေ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်သည် ပြိုကျပျက်စီးခဲ့သည်။ လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
နေအိမ်ပြိုကျသည့် မိသားစုဝင်များအား ကျေးရွာတာဝန်ရှိသူများက နီးစပ်ရာဆွေမျိုးများ အိမ်တွင် နေရာချထားပြီး နေအိမ်များအား အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆုံးရှုံးနစ်နာသူများအား ထောက်ပံ့နိုင်ရေးအတွက်လည်း တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်မင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment