ဖြူးမြို့နယ်တွင် KNU/PDF အကြမ်းဖက်သမားများ က ကျေးရွာအတွင်း Drop Bomb များပစ်ချတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်အပါအဝင် အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖြူးမြို့နယ်တွင် KNU/PDF အကြမ်းဖက်သမားများ က ကျေးရွာအတွင်း Drop Bomb များပစ်ချတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်အပါအဝင် အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံး




နေပြည်တော်၊ မေ၂၈

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သစ်ပတ်ကျေးရွာအုပ်စု၊ ဥသျှစ်ခင် (အနောက်)ကျေးရွာအတွင်းသို့ ယနေ့ ညနေ ၅နာရီချိန်ခန့်တွင် KNU/PDF အကြမ်းဖက်သမားများက Droneအသုံးပြု၍ Drop Bomb (၃)လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ဥသျှစ်ခင် (အနောက်)ကျေးရွာ ရွာလယ်လမ်းမပေါ်သို ကျရောက်ပေါက်ကွဲခဲ့ပြီး ဥသျှစ်ခင်(အနောက်) ကျေးရွာနေ မောင်ကောင်းပြည့်လျံ (၄)နှစ်တွင် ဦးခေါင်ယာဘက် ဗုံးစထိမှန်ဒဏ်ရာ (၁) ချက်၊ နောက်ကျောဗုံးစထိမှန်ဒဏ်ရာဘ(၁)ချက် ဒဏ်ရာရရှိခဲ့သည်။

အလားတူ ဒေါ်သန္တာ( ၄၅)နှစ်တွင် ယာခြေသလုံးဗုံးစထိမှန်ဒဏ် ရာ(၁)ချက်၊ ဝဲနှုတ်ခမ်းဗုံးစထိမှန်ဒဏ်ရာ(၁) ချက်၊ မအိထက်စန္ဒီကျော်( ၂၅)နှစ်တွင် ယာခြေပြတ်ဒဏ်ရာ၊ ဝဲခြေသလုံးဗုံးစထိမှန်ဒဏ်ရာ( ၁)ချက်၊ ယာလည်ပင်းဗုံးစထိမှန်ဒဏ်ရာ( ၁)ချက်၊ ဦးဇော်မင်း( ၃၉)နှစ်တွင် ဝဲဘက်ဒူးခေါင်းဗုံးစထိမှန်ဒဏ်ရာ ( ၁)ချက်၊ ဒေါ်မာမာလွင် (၃၀)နှစ်တွင် ယာရင်အုံဗုံးစထိမှန်ဒဏ်ရာ(၁)ချက်တိုရရှိခဲ့သည်။  

မအိအိစိုး(၁၈)နှစ်တွင် ယာခြေသလုံဗုံးစထိမှန်ဒဏ်ရာ(၁) ချက်၊ နောက်ကျောပေါက်ထွက်ဒဏ်ရာ(၁) ချက်တို့ ရရှိခဲ့သဖြင့် ၁၈၄၅နာရီတွင် ဆေးရုံသို့ပို့ဆောင်စဉ် မအိအိစိုးသည် ရရှိဒဏ်ရာများဖြင့် (သေဆုံး)သွားခဲ့ကြောင်းသတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)