ရမည်းသင်း ၊ မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် သီလဝဖလား ဖိတ်ခေါ်အမျိုးသား(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် အခမ်း အနားကို ယနေ့ နံနက် ၈နာရီခွဲက ရမည်းသင်းခရိုင် အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ပြိုင်ပွဲ၌ တတိယလုပွဲအဖြစ် အလယ်ကုန်းကျေးရွာ ရွှေအင်ပင်အသင်းနှင့် မြို့မရပ်ကွက်ကြီး ဝဿုန်စန်းအေးအသင်းတို့ ယှဉ်ပြိုင်ကြရာ ဝဿုန်စန်းအေး အသင်းမှ နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် မြင်းနားကျေးရွာ ရဲမာန်အောင် (၂) အသင်းနှင့် ရွှေဒါးရွှေကုန်း ကျေးရွာ ရွှေလွင်လွင်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ရဲမာန်အောင် (၂)အသင်းမှ နှစ်ပွဲပြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ အကောင်းဆုံး ကစားသမားဆု၊ စတုတ္ထဆု၊ တတိယဆု နှင့် ဒုတိယဆု ရရှိသည့် အသင်းတို့ကို တာဝန်ရှိသူများမှ ဆုများ ချီးမြှင့်ပေးအပ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပထမ ဆုရရှိသည့် ရဲမာန်အောင်အသင်းအား တစ်ဦးချင်းဆု၊ ဂုဏ်ပြုဆုငွေ ကျပ်(၅၀၀၀၀၀)နှင့် ဆုဖလား ကိုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment