မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်(၅၉)ဧကနှင့် အခြားသီးနှံစိုက်(၁၉၇)ဧကအတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်(၅၉)ဧကနှင့် အခြားသီးနှံစိုက်(၁၉၇)ဧကအတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေး



မြစ်သား  ၊  မေ  ၃၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်(၅၉)ဧကနှင့် အခြားသီးနှံစိုက်(၁၉၇)ဧကအတွက် ညောင်ဂျစ်ကျေးရွာအုပ်စု၊ ညောင်ဂျစ်ကျေးရွာအတွင်းရှိ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ငွေများထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ကျောက်ဆည်ခရိုင် မြန်မာ့အာမခံလုပ်ငန်းမှ ခရိုင်တာဝန်ခံ ဦးကိုကိုအောင်က ၂၀၂၄ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေချေးယူသော တောင်သူလယ်သမားများအနက် မိုးစပါးသီးနှံစိုက်ပျိုးသောတောင်သူများက ချေးငွေရယူသည့် ဧကအလိုက် မဖြစ်မနေအာမခံထားရှိပြီး ကြိုတင်သတ်မှတ်ထားသော မိုးရေချိန်အညွှန်းကိန်းများထက် လျော့နည်း၍ မိုးရွာသွန်းခြင်းနှင့်ရေကြီးနစ်မြုပ် ပျက်စီးခြင်းများအပေါ်အခြေခံ၍ လျော်ကြေးပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြစ်သားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်နီလာအေးက ယခင်နှစ်များက မိုးစပါးနှင့်ဆောင်သီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသော တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ယခုနှစ် ၂၀၂၄-၂၀၂၅ မိုးစပါးနှင့်အခြားသီးနှံစိုက်ပျိုးမြေ(၂၅၆)ဧက စိုက်ပျိုးနိုင်ရန် အတွက် ညောင်ဂျစ်ကျေးရွာအုပ်စုအတွင်းမှ တောင်သူလယ်သမား(၃၆)ဦးအား စုစုပေါင်းချေးငွေကျပ်(၂၈၅)သိန်း ငါးသောင်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


စိုက်ပျိုးစရိတ်ချေးငွေယူမည့် တောင်သူများအနေဖြင့် ပုံစံ(၇)အမည်ပေါက်ရှိရမည်ဖြစ်ပြီး၊ ကျေးရွာအလိုက် ဖွဲ့စည်းပေးထားသည့် မိုးစပါးချေးငွေကော်မတီအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တို့ပါရှိမှသာ ချေးယူခွင့်ရရှိပြီး စပါးစိုက်တစ်ဧကလျှင် တစ်သိန်းခွဲကျပ်နှင့် အခြားသီးနှံစိုက်တစ်ဧကလျှင် တစ်သိန်းနှုန်းဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ဝင်းမင်းထွန်း (မြစ်သား)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)