နိုင်ငံတော်အစိုးရမှပံ့ပိုးမှုများ ပြည်သူလူထုတိုက်ရိုက်ခံစားရရှိစေရန် စေတနာထားကြိုးစားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အစိုးရမှပံ့ပိုးမှုများ ပြည်သူလူထုတိုက်ရိုက်ခံစားရရှိစေရန် စေတနာထားကြိုးစားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပြောကြား


နေပြည်တော်၊ မေ ၂၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံ (တိုက်ကြီး) ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဆောက်လုပ်ရေးအထူးအဖွဲ့ (၂) မှ တာဝန်ယူဆောက်လုပ်နေသည့် တိုးချဲ့နှစ်ထပ်လူနာဆောင်သစ် အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်ခွဲခန်း၊ ဓာတ်မှန်ဆောင်၊ သွားနှင့်ခံတွင်းဌာန၊ ခွဲစိတ်ခန်း၊ ဆေးကုသဆောင်၊ ဆေးသိုလှောင်ခန်းများနှင့် ဆေးသိုလှောင်ခန်း၌ နိုင်ငံတော်၏ပံ့ပိုးမှုဖြင့် ဖြည့်ဆည်းထားရှိသော ဆေးဝါးများကို အသေးစိတ် ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်သူ့ဆေးရုံ (တိုက်ကြီး) အစည်းအဝေးခန်းမ၌ တိုက်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ မိခင်နှင့်ကလေးသေဆုံးနှုန်းကျဆင်းရေးကို အလေးထားဆောင်ရွက်ရန်၊ ရွှေ့ပြောင်းလုပ်သားများ စုဝေးနေထိုင်ရာနေရာများရှိ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို လစ်ဟင်းမှုမရှိစေရန်အတွက် အထူးစီမံချက် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကာကွယ်ဆေးထိုးလုပ်ငန်းများကို လွှမ်းခြုံမှုအားကောင်းစေရေးနှင့် ကိုယ်ဝန်ဆောင်များ ပြည်သူ့ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် မွေးဖွားနိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်၊ ပြည်သူလူထုစိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်စေရန်နှင့် နိုင်ငံတော်အစိုးရမှပံ့ပိုးမှုများ ပြည်သူလူထုတိုက်ရိုက်ခံစားရရှိစေရန် စေတနာထားကြိုးစားဆောင်ရွက်ရန်၊ ပြည်သူများအကျိုးအတွက် ဆေးကုသရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက်ပေးရန်မှာကြားပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)