ဟောင်ကောင်၊ မေ ၂၉
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင် သည် ၂၆-၅-၂၀၂၄ ရက်နှင့် ၂၇-၅-၂၀၂၄ ရက်များတွင် မကာအိုအထူးအုပ်ချုပ်ရေးဒေသအခြေစိုက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးမှ စီစဉ်သည့် ကွမ်တုံး-မကာအို ပူးပေါင်း ဆောင်ရွက်ရေး နယ်မြေခရီးစဉ်တွင် ဟောင်ကောင် နှင့် မကာအိုဒေသအခြေစိုက် အခြားကောင်စစ်ဝန်ချုပ်များနှင့်အတူ ပါဝင်ခဲ့သည်။
မြန်မာကောင်စစ်ဝန်ချုပ်သည် ၂၆-၅-၂၀၂၄ ရက်တွင် 2024 Hengqin Global Investment Promotion Conference သို့ တက်ရောက်ခဲ့ပြီး၊ ၂၇-၅-၂၀၂၄ ရက်တွင် သတ်မှတ်ချက်အလိုက် အဆင့်ဆင့်ခွဲခြားထားသည့် အကောက်ခွန်ဇုံများ၊ Cross Border E-commerce and Live-Streaming Base နှင့် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှု စီမံကိန်းများသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment