ဆိုးလ်၊ မေ ၂၉
အာဆီယံကော်မတီ (ဆိုးလ်) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၈-၅-၂၀၂၄ ရက်နေ့တွင် ဆိုးလ်မြို့၌ ပြုလုပ်သည့် ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်လာရောက်လျက်ရှိသည့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn နှင့် အာဆီယံကော်မတီ (ဆိုးလ်) မှ သံရုံးအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်က အာဆီယံဒေသတွင်း လတ်တလော တိုးတက်ဖြစ်ထွန်းမှုများနှင့် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြားတည်ရှိသည့် ဆက်ဆံရေး အခြေအနေများနှင့် စပ်လျဉ်း၍ အဓိကထားဆွေးနွေးခဲ့ပြီး ပါဝင်တက်ရောက်လာကြသည့် အာဆီယံသံရုံး အကြီးအကဲများက ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မြန်မာသံအမတ်ကြီးက ယခုလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် အာဆီယံဉက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun ၏ အလုပ်သဘော ခရီးစဉ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံတူညီဆန္ဒ (၅) ချက်အား အကောင်အထည် ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကိစ္စအပါအဝင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ယခုနှစ်အတွင်း အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်မည့်ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့သည်။
ယင်းနောက် မြန်မာသံအမတ်ကြီးသည် မွန်းလွဲပိုင်းတွင် Four Season Hotel ၌ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Cho Tae-yel မှ အာဆီယံအတွင်းရေးမှူးချုပ်အား တည်ခင်း ဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment