PDF အကြမ်းဖက်သမားများအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်သူ ၇၄၃ ဦးရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်သူ ၇၄၃ ဦးရှိ


နေပြည်တော်၊ မေ ၂၉

PDF အကြမ်းဖက်သမားများအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်သူ အရေအတွက်မှာ ၂၇-၅-၂၀၂၄ ရက်နေ့အထိ ၇၄၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ၏ လှုံ့ဆော်မှုကြောင့် PDF အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိခဲ့သည့် လူငယ်များထဲမှ အမျိုးသား ၅၈၄ ဦး၊ အမျိုးသမီး ၁၅၉ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း စာရင်းများအရ သိရသည်။

PDF အကြမ်းဖက်သမားများသည် KNU, KNLA, KIA ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အသုံးချခံ ဘဝကို ရောက်ရှိခဲ့ပြီး အများပြည်သူ အတိဒုက္ခရောက်စေမည့် လမ်းတံတားများကို ဖျက်ဆီးခြင်း၊ စာသင်ကျောင်းများကို ဖျက်ဆီးခြင်း၊ ရုံးဌာနများကို ဖျက်ဆီးခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အားတာဝါတိုင်များကို ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ကြသည်။

PDF အကြမ်းဖက်သမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူများ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၈၆၀၀ ကျော်အထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)