တာချီလိတ်မြို့၌ အလုပ်သမားနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ အလုပ်သမားနေ့ အခမ်းအနားကျင်းပ



တာချီလိတ်  ၊  မေ ၁


၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပ ပြုလုပ်သည်။

ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနား သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ခေတ္တ-ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက ဖတ်ကြားသည်။

ထို့နောက် အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံမှတ်တမ်းနှင့် အလုပ်သမားဝန်ကြီးဌာန လုပ်ငန်းဆောင်ရွက်မှုများအား (Video Clip)ဖြင့် ပြသခဲ့ပြီး တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အလုပ်သမားနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် အသေးစား၊ အငယ်စား၊ အလတ်စား MSMEs ဒေသထွက်ကုန်နှင့် ဒေသထွက်စားသောက်ကုန်၊ စက်မှုထုတ်ကုန်များကို အခမ်းအနားသို့ တက်ရောက်လာသည့် ခေတ္တ-ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များမှ လေ့လာကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


ကျော်ဇေယျာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)