ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေးလိုအပ်ချက် ရှိနေသော ကျေးရွာများသို့ ပရဟိတ ရဟန်းတော် ဦးဆောင်သည့်အဖွဲ့ ဆက်လက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေးလိုအပ်ချက် ရှိနေသော ကျေးရွာများသို့ ပရဟိတ ရဟန်းတော် ဦးဆောင်သည့်အဖွဲ့ ဆက်လက်လှူဒါန်း







ညောင်ဦး၊ မေ ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်ချက် ရှိနေသော ကျေးရွာများသို့ ပရဟိတ ရဟန်းတော် ဦးဆောင်သည့်အဖွဲ့များက လိုက်လံလှူဒါန်းပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ်၊ ဝါခင်းကြီးအုပ်စု၊ ဝါခင်းကြီးကျေးရွာ သို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဆရာတော် ဦးဥတ္တမ က " ဒီမနက် ၈ နာရီမှာ ညောင်ဦးမြို့နယ်၊ ဝါခင်းကြီးအုပ်စု၊ ဝါခင်းကြီးကျေးရွာကို ထော်လာဂျီ ၃ စီးနဲ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီရွာက ကားလမ်းဘေးကရွာပါ။ ကားလမ်းဘေးက ရွာဆိုတော့ 

အများစုက ရေပေါတယ်မှတ်ပြီး မလှူကြပဲ ကျော်ကျော်သွားကြတယ်။ အခု ဦးဇင်းတို့ လာလှူလို့သာ ....တဲ့။ ရွာက ကျောင်းပန်းတောင်း - ညောင်ဦး လမ်းပေါ် ဗျတ္တပန်းဆက်လမ်းမရောက်ခင် ရွာလေးပါ။ ကျောက်ပန်းကနေ ၁၄ မိုင်အကွာမှာ ရှိပါတယ်။" ဟု မိန့်ကြားသည်။

ပရဟိတ ရဟန်းတော်ဦးဆောင်သည့် အဖွဲ့အနေဖြင့် ၃ ရက်တိုင်တိုင် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများကို လိုက်လံလှူဒါန်းပေးခဲ့ပြီး ဖြစ်သည်။ သောက်သုံးရေးလိုအပ်လျက်ရှိသည့် ကျေးရွာများသို လိုက်လံ လှူဒါန်းရာတွင် ပူးပေါင်းပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဆရာတော် အရှင်ဥတ္တမ (ပရဟိတ ရဟန်းတော်) ဖုန်း - 09458941466 သို ဆက်သွယ်လှူဒါန်းနိုင်ပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)