မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့တွင် ရေအခက်အခဲ ဆိုးရွားစွာကြုံတွေ့နေရ ခေါင်းစဉ်ဖြင့် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့တွင် ရေအခက်အခဲ ဆိုးရွားစွာကြုံတွေ့နေရ ခေါင်းစဉ်ဖြင့် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိ



နေပြည်တော်၊ မေ ၄

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့တွင် ရေအခက်အခဲ ဆိုးရွားစွာ ကြုံတွေ့နေရ ခေါင်းစဉ်ဖြင့် Irr-awaddy သတင်းဌာန လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းများ ဖော်ပြ လျက်ရှိသည်ကို တွေ့ရသည်။


အဆိုပါ သတင်းသည် မဟုတ်မမှန် လုပ်ကြံသတင်းသာဖြစ်ပြီး မြန်မာနိုင်ငံရှိ အကျဉ်းထောင်၊ အချုပ်ထောင်များတွင် လူဦးရေကျပ်တည်းမှုမရှိဘဲ တစ်နေ့လျှင် ရေချိုးချိန် နှစ်ကြိမ်ပေးထားပြီး စည်းကမ်းတကျ ရေချိုးခွင့်ပြုထားကာ ယနေ့အချိန်အထိ ရေပြတ်လပ်မှုမရှိဘဲ သောက်ရေ၊ သုံးရေ လုံလောက်စွာ အသုံးပြုလျက်ရှိကြောင်း သိရသည်။


ထို့ပြင် ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် အတ္တရံမြစ်မှ မြစ်ရေတင်စနစ်ဖြင့် ရေစစ်ကန် လေးကန်အား အဆင့်ဆင့်ဖြတ်ကျော်ပြီး အကျဉ်းထောင်အတွင်း ရေပေးပို့သုံးစွဲစေလျက်ရှိကာ မြစ်ရေတင်ပိုက်လိုင်း ဖြတ်သန်းသောလမ်းကြောင်းတွင်လည်း ဘဲမွေးမြူရေးကန်များ မရှိကြောင်း၊ သောက်ရေအတွက် အကျဉ်းထောင်အတွင်း အဝီစိတွင်းများမှ ရရှိသောရေများအား ရေသန့်စက်များဖြင့် သန့်စင်၍ သောက်ရေပေးဝေခြင်းအပြင် ပြင်ပရေသန့်ကားများဖြင့်လည်း အကျဉ်းထောင်အစီအစဉ်ဖြင့် သောက်ရေသန့်များ ဝယ်ယူဖြည့်တင်းပေးလျက်ရှိကြောင်း၊ အကျဉ်းသားတစ်ဦးလျှင် တစ်ရက် သောက်ရေ လေးလီတာနှင့် ချိုးရေဂါလန် ၃၀ အထိ သုံးစွဲခွင့်ပေးထားကြောင်း။


အလားတူ မုံရွာအကျဉ်းထောင်တွင် သောက်ရေသုံးရေ လုံလောက်စွာရရှိရေးအတွက် စည်ပင်သာယာရေးအဖွဲ့ ရေပေးဝေရေးစနစ်မှ အကျဉ်းထောင်သို့ ပိုက်လိုင်းသွယ်၍ ရေလှောင်ကန် နှစ်ကန်မှတစ်ဆင့် အကျဉ်းထောင်ရေသန့်စက်ရုံမှ ထုတ်ယူသုံးစွဲသည့်စနစ်ဖြင့် အကျဉ်းထောင်အိပ်ဆောင်များသို့ တစ်ရက်လျှင် ငါးကြိမ် ပို့လွှတ်သုံးစွဲစေလျက် ရှိကြောင်း၊ တစ်ဦးလျှင် သောက်ရေသုံးရေသတ်မှတ်ချက်အတိုင်း သုံးစွဲခွင့်ပြုထားကြောင်း၊ ထိန်းသိမ်း ထားရှိသည့် အကျဉ်းသား အကျဉ်းသူများအနက် အရေပြားယားနာဖြစ်ပွားသူများမရှိဘဲ အိပ်ဆောင်များတွင် လေဝင်လေထွက်ကောင်းမွန်ပြီး ပန်ကာများလည်း တပ်ဆင်ပေးထားခြင်းကြောင့် အပူနာများဖြစ်ပွားမှုများလည်းမရှိကြောင်း၊ အကျဉ်းထောင်ဆရာဝန်နှင့် ကျန်းမာရေးအဖွဲ့များကလည်း နေ့/ညမည်သည့်အချိန်တွင်မဆို လိုအပ်သည့်ကျန်းမာရေးဆေးဝါးကုသမှုများအား အချိန်ပြည့် ဆောင်ရွက်ပေးလျက်ရှိကြောင်း အကျဉ်းထောင်တာဝန်ရှိသူများထံ စိစစ်ချက်အရ သိရသည်။


ထို့ပြင် သရက်အကျဉ်းထောင်တွင် အကျဉ်းထောင်အတွင်း စက်ရေတွင်း ၁၂ တွင်း၊ ၂၇၆ဝ watt ရှိ နေရာင်ခြည်သုံးဆိုလာစနစ် လေးလက်မ ရေတင်စက် နှစ်လုံးတို့ရှိပြီး ၎င်းစက်ရေတွင်း များမှ သောက်ရေသုံးရေများကို အကျဉ်းထောင်အတွင်း ရေသန့်စက်ရုံများမှ အိပ်ဆောင်များအား လုံလောက်စွာ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မြင်းခြံဗဟိုအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင် နှင့် ရမည်းသင်းအကျဉ်းထောင်တို့တွင်လည်း အကျဉ်းထောင်၏ ရေသန့်စက်ရုံမှ RO စနစ်ဖြင့် အကျဉ်းသား အကျဉ်းသူများအတွက် သောက်ရေသုံးရေများကို လုံလောက်စွာ ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် သောက်ရေသုံးရေများ လုံလောက်မှုရှိသောကြောင့် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၌အပူကန်ခြင်း၊ အရေပြားယားနာများနှင့်အပူနာ ခြင်းများ ဖြစ်ပွားနေခြင်းမရှိကြောင်း အကျဉ်းထောင်တာဝန်ရှိသူများထံ စိစစ်ချက်အရ သိရသည်။


Irrawaddy သတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြချက်သည် အကျဉ်းထောင် တာဝန်ရှိသူများကို ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ထိုးနှက်တိုက်ခိုက်သောသတင်းတု၊ သတင်းမှားများသာ ဖြစ်သည်။


မိုးမြင့်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)