အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်






နေပြည်တော်၊ မေ ၄

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် မေလ (၂)ရက်နေ့၊ နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၌ကျင်းပသည့် အမျိုးသား အဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒကို မိတ်ဆက်ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲသည် ယင်းမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  ပြည်သူလူထုကျန်းမာရေး အဆင့် အတန်းမြင့်မားရေးအတွက် အရေးကြီးသည့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် အရည်အသွေးပြည့်မီရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုမှသည် တည်ခင်းစားသုံးမှုအထိ အစားအသောက် ကွင်းဆက်တစ်လျှောက် အစားအသောက် ဘေးကင်းရေးစံချိန်စံညွှန်းများကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ အစားအသောက်ကွင်းဆက်တစ်လျှောက်တွင် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ကဏ္ဍအလိုက် တာဝန်ယူလျက်ရှိကြောင်း၊ လူအများ နေ့စဉ်စားသုံးသည့် အစားအသောက်မျာ:ဘေးအန္တရာယ် ကင်းရှင်းရေးသည် အရေးကြီးကြောင်း၊  ဘေးအန္တရာယ်ရှိသော  အစားအသောက်များကို  စားသုံးမိခြင်းကြောင့်  ချက်ချင်းလက်ငင်း ကျန်းမာရေးဆိုးကျိုးများ ရရှိနိုင်သကဲ့သို့ အချို့ကိစ္စရပ်များတွင် နာတာရှည် ရောဂါများ ဖြစ်ပွားနိုင်ကြောင်း၊ တိုးတက်လာသည့်လူဦးရေ၊ ဖွံ့ဖြိုးလာသည့် နည်းပညာများကြောင့် ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်၊ တင်သွင်းသည့် အစားအသောက်များ လွန်စွာများပြားလာသည့် အတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရာတွင် များစွာအခက်အခဲရှိကြောင်း၊ အစားအသောက် စိုက်ပျိုးထုတ်လုပ်မှုမှသည် စားသုံးသည်အထိ အစားအသောက်ကွင်းဆက်တစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ရာတွင် နိုင်ငံတကာအလေ့အကျင့်ကောင်းများနှင့်အညီ လိုက်နာဆောင်ရွက် ရမှာဖြစ်ကြောင်း၊ အစားအသောက်ကွင်းဆက်တစ်လျှောက် နှီးနွယ်ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းရန် လိုအပ်သည့်အပြင် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်း ရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ (Roles and Responsibilities) ရေးဆွဲချမှတ် ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း၊ MSMEလုပ်ငန်းများ၏ (၇၀)ရာခိုင်နှုန်းသည် အစား အသောက် ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယခုကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်ဖြစ်သည့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဦးတည်ချက်ကို များစွာ အထောက် အကူဖြစ်မှာ ဖြစ်သည့်အတွက် နှီးနွယ်ဌာနဆိုင်ရာများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်း ရေး မူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေး ပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်းကောင်း၊ ညွှန်ကြားရေးမှူး (အစားအသောက်) ဒေါက်တာပြည့်ဖြိုးက အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် အစားအသောက်ကွင်းဆက်တစ်လျှောက် နှီးနွယ်ဌာနအသီးသီးအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်နေမှု အခြေအနေအကျဉ်းချုပ်နှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် နှီးနွယ်ဝန်ကြီးဌာနများ၏ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများက အစားအသောက်ကွင်းဆက်တစ်လျှောက်တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်နေမှုများကို အသေးစိတ် ဝိုင်းဝန်းဆွေးနွေးတင်ပြသည်။ 

အလုပ်ရုံဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွယ်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စုစုပေါင်း ကိုယ်စားလှယ်(၁၀၈)ဦး တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို (၂-၅-၂၀၂၄)မှ (၃-၅-၂၀၂၄) ရက်နေ့အထိ ကျင်းပခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)