မြစ်ကြီးနားမြို့ပေါ် ဘာသာရေးကျောင်းများ၊ မိဘမဲ့ဂေဟာများ စသည့်နေရာပေါင်း ၁၈ ခုတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ဆန်နှင့် ခေါက်ဆွဲခြောက်ဖာများ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့ပေါ် ဘာသာရေးကျောင်းများ၊ မိဘမဲ့ဂေဟာများ စသည့်နေရာပေါင်း ၁၈ ခုတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ဆန်နှင့် ခေါက်ဆွဲခြောက်ဖာများ ထောက်ပံ့



မြစ်ကြီးနား၊ မေ ၃၁

နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့်တိမ်းရှောင်လာသော ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ မေ ၃၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ မြို့ပေါ်ဘာသာရေးကျောင်းများ၊ မိဘမဲ့ဂေဟာများစသည့် နေရာပေါင်း (၁၈) နေရာတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော မိသားစုများ အား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးထောက်ပံ့သည်။

ထို့သို့ ထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် အိမ်ထောင်စုများအား မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီတိမ်းရှောင်ပြည်သူများ နေထိုင်စား‌သောက်မှုအဆင်ပြေစေရေးအတွက် အတတ်နိုင်ဆုံးထောက်ပံ့ပေးအပ်မှုများနှင့် အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး ကြိုးစားထောက် ပံ့လျက်ရှိပါကြောင်း၊ ယနေ့မိသားစုများအနေဖြင့် စိတ်ပျက်အားငယ်မှုမရှိစေဘဲ အခက်အခဲများကို မိမိတို့နှင့်အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြရန် လိုကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြစ်ကြီးနားမြို့ပေါ်၌ ဘာသာရေးအဖွဲ့အစည်းများ၊ မိဘမဲ့ဂေဟာများစသည့် နေရာပေါင်း (၁၈) နေရာတို့တွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု (၃၄၆) စု၊ လူဦးရေစုစုပေါင်း (၁၇၆၅)ဦးတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော် မတီကငွေကျပ် ၂၅၉၅၀၀၀၀ တန်ဖိုးရှိ ဆန် (၂၄) ပြည်ပါအိတ်ပေါင်း (၃၄၆) အိတ်နှင့် ပြည်နယ်အစိုးရ အဖွဲ့က ငွေကျပ် ၅၇၀၉၀၀၀ တန်ဖိုးရှိ ခေါက်ဆွဲခြောက်ဖာပေါင်း ၃၄၆ ဖာကို အသီးသီးထောက်ပံ့ပေး အပ်ကြသည်။

ယင်းနောက် ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသော မိသားစုဝင်များနှင့် သက်ဆိုင်ရာစခန်းတာဝန်ခံများက မိသားစုများအတွက် အဓိကလိုအပ်ချက်သည့် ပညာ‌ရေး၊ ကျန်းမာရေး၊ သောက်သုံးရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိင်ရေး အတွက်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)