မြန်အောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ




မြန်အောင်၊ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်က မြန်အောင်မြို့နယ် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် (၇၇/၃) အနီး မျှင်ဝါးတောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၅၂) အတွင်းကျင်းပရာ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ အင်အား (၁၀၀) ဦးဖြင့် ကျင်းပ စိုက်ပျိုးခဲ့ကြသည်။

မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးခိုင်-၂ က သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများကို ပျိုးပင်များ အသီးသီး ဖြန့်ဝေပေးအပ်ခဲ့ပြီး သတ်မှတ်နေရာများတွင် သစ်ပင်စိုက်ပျိုးခဲ့ကြသည်။

မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်အတွက်ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်းဖြစ်ပြီး သစ်ပင်စိုက်ပျိုးပွဲတွင် ဒေသနှင့်ကိုက်ညီသည့်သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများဖြစ်သည့် ကျွန်း၊ မဟော်ဂနီ၊ ပိတောက်၊ မန်ဂျန်ရှား၊ ယမနေ စသည့်သစ်မျိုး (၈) မျိုး စုစုပေါင်း (၁၂၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။


ဝင်းဗိုလ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)