သုံးခွ မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စုဖွဲ့လေ့ကျင့်မှုနှင့် သရုပ်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် လျင်မြန်စွာတုန့်ပြန်နိုင်ရေပြောကြားပြီး မုန်တိုင်းဘေး၊ ရေကြီးမှုဘေး၊ မြေပြိုဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးအား အချိန်နှင့်တစ်ပြေးညီ အမြန်ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ စက်ယာဉ်ယန္တရားများ အသင့်ပြင်ဆင်ထားရှိခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး အသင့်စုဖွဲ့ပြင်ဆင်ထားရှိမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းဖွဲ့များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးစုဖွဲ့လေ့ကျင့်မှုနှင့် သရုပ်ပြသခြင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မျိုးလွင်ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၃၅ ဦးတို့က သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့သည်။
စည်သူလင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment