ရွှေတောင်မြို့နယ်တွင် ၂၀၂၄-ခုနှစ် သစ်ပင်စိုက်ပွဲတော် အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၄-ခုနှစ် သစ်ပင်စိုက်ပွဲတော် အခမ်းအနား ကျင်းပ






ရွှေတောင်  ၊  မေ ၃၀

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၊​ဂွေးတောက်မြောင်ကျေးရွာအုပ်စု၊ ကဒီပင်ကျေးရွာ ၊တရုတ်မှော်သစ်တောကြိုးဝိုင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၄-ခုနှစ် ၊ ကျေးရွာသုံးထင်းစိုက်ခင်း  တစ်ရွာ ( ၂) ဧကသစ်ပင်စိုက်ပွဲတော် အခမ်းအနား ကျင်းပခဲ့သည်။

   အဆိုပါ ၂၀၂၄-ခုနှစ် ၊ ကျေးရွာသုံးထင်းစိုက်ခင်း  တစ်ရွာ ( ၂) ဧကသစ်ပင်စိုက်ပွဲတော် အခမ်းအနားသို့ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာန၊ ​မြို့နယ်သစ်တောဦးစီးမှူး ဦးဇာနည်ဝင်းနှင့် ဝန်ထမ်းများ၊ ဂွေးတောက်မြောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြပြီး ၂၀၂၄ခုနှစ် ၊ ကျေးရွာသုံးထင်းစိုက်ခင်း  တစ်ရွာ ( ၂) ဧကသစ်ပင်စိုက်ပျိုးခဲ့ရာ ယူကလစ် ( ၈၄၀)  ပင်၊ မန်ဂျန်ရှား ( ၁၅၈၀) ပင်၊ စုစုပေါင်း  ( ၂၄၂၀) ပင်တို့အား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)